Monday, March 10, 2014

နေတတ်သလိုနေပါတော့

 တခါတလေ နေ့တွေဆိုတာက .. မလျှော်ဖွတ်ရသေးတဲ့ အ၀တ်တွေ လို ညစ်ထပ်ထပ် ။ မဆေးကြေရသေးတဲ့ ပုဂံ တွေလို မပြီးမပြတ် ။ တနေကုန်သွားလို့၊ ဥစ္စာရလား ပညာရလား ကုသိုလ် ရလား ဆိုတဲ့ ရှေးထုံး နဲ့ မချိန်တွယ် နိုင် ရင်တောင်မှ ၊ မ၀ံ့မရဲ စိတ်ကူးတွေပဲ တထပ်ပြီး တထပ် ..တရက်ပြီး တရက် လေးလံ နေဖို့ မသင့်ဘူး မဟုတ်လား။ မက်ပါစေ လား ..ဘယ်သူ့ အိပ်မက် တွေပဲ ဖြစ်ဖြစ် ။ ဘယ်လို အိပ်မက်တွေပဲ ဖြစ်ဖြစ်။ ရဲရဲဝံ့ဝံ့။

Sunday, March 9, 2014

ညီမလေးသို့

ညီမလေးရေ..
မနိုင်မှန်းသိလျှက်ဆက်တိုက်နေတာ
သတ္တိရှိတာမဟုတ်ဘူး
မိုက်ရူးရဲဆန်မှုသက်သက်ပဲ တဲ့
အဖြေဟာဒါပဲဆိုတာ သိသာလှပေမယ့်
ကိုကိုကတော့ဆက်မိုက်နေမိတယ်
ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေတဲ့
ကိုကိုတို့ရဲ့ဘ၀တွေ
တစ်ချိန်ချိန်မှာထပ်တူကျရမယ်ဆိုတဲ့
မရေရာတဲ့မျှော်လင့်ချက်နဲ့ပေါ့ ။
အဲဒီအချိန်
ခက်ခဲကြမ်းတမ်းခရောင်းလမ်းကို
ဖျတ်ခနဲဆို
ကိုကိုပန်းကြဲပစ်လိုက်မယ်။
အဲဒီနောက်
ရင်ထဲကအင်ဂျင်ကို
လောင်စာဆီအပြည့်ဖြည့်ပြီး
လမ်းလွှဲဆိုတဲ့သင်္ကေတမှန်သမျှ
အမြစ်ပြတ် ဖြတ်တိုက်ပစ်လိုက်မယ်
ထပ်တူဘ၀တွေ
      အမြဲတည်စေဖို့ပေါ့.....။

အမေ

အသက်က ၃၀
အရွယ်ကခပ်ငယ်ငယ်
အဖေရယ်ထွက်ခွါသွား
အမေအားငယ်နေခဲ့လား
လူမမယ်ဖတဆိုး
သမီးကြီးနှင့်သားနှစ်ယောက်
လူလားမြောက်အောင် ပြုစုစောင့်ရှောက်
အမေစိတ်နောက်ခဲ့ရသလား
စိတ်ချပါအမေ
ဒီတစ်ခါသားတို့အလှည့်ပါ
အပီသာအားတို့ခဲကာ
ဆယ်နှစ်ကျော်အမေခံစားခဲ့သမျှ
အားငယ်၊စိတ်နောက် အားလုံးပျောက်ဖို့
သားတို့သုံးယောက် ကြိုးစားဖျောက်မယ်
ပြုံးလိုက်ပါတော့အမေရယ်..။

သူငယ်ချင်းစစ်

အချင်းချင်းကိုကူညီ
အပြန်အလှန်လေးစား
မေတ္တာဖြင့် တုန့်ပြန်
အနေဝေးလည်း
သွေးမအေးပဲ
ဘယ်သူဖျက်ဖျက်
လက်တွဲမပျက်ရင်
နေမဝင် အချစ်တွေနဲ့
သူငယ်ချင်းအစစ်တွေပေါ့..။